ဇလွန် ၁၉ ဩဂုတ် 

ဧရာဝတီတိုင်းဒေသကြီး ၊ ဇလွန်မြို့နယ် မီးသတ်တပ်ဖွဲ့မှ သဘာဝဘေး အန္တရာယ် ဖြစ်ပွားလာပါက သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လျင်မြန်စွာ ဆောင်ရွက်နိုင်ရန်နှင့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှု လျော့နည်းစေရန်ရည်ရွယ်၍  ရေပြင်အသက်ကယ်ရှာဖွေကယ်ဆယ်ရေး  ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၁၀ နာရီတွင် ဧရာဝတီမြစ်အတွင်း ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

 

5208

 

ဇာတ်တိုက် လေ့ကျင့်မှုပြုလုပ်ရာတွင် ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများဖြစ်သည့် အသက်ကယ်အင်္ကျီ၊အသက်ကယ်ဘောကွင်း ၊ အသက်ကယ်ကြိုးခွေ အသုံးပြုပုံများ ၊ ရေနစ်သူအားရှေးဦးသူနာပြုနည်းဖြင့် ကုသပြုစုခြင်း နည်းစနစ်အား မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးရန်လင်းထွဋ်နှင့် မီးသတ်တပ်ဖွဲ့ဝင်များကလက်တွေ့သရုပ်ပြ ဇာတ်တိုက် လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ဝေယံ-ဇလွန်(ပြန်/ဆက်)