ဇလွန် မတ် ၉
ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ်ညောင်ပင်ရပ်စျေးကွက်ရှိ ဇလွန်ပြည်တော်ပြန်ဘုရားကြီးတွင် မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်သည်။
ကွင်းဆင်းစစ်ဆေးရာတွင် ဇလွန်မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးရန်လင်းထွဋ် ဦးဆောင်၍ သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ လျှပ်စစ်အင်ဂျင်နီယာ ဦးနိုင်ထွန်းဇော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအဖွဲ့ဝင်များ၊ ပြည်တော်ပြန် မြတ်စွာဘုရားကြီးရုံးအဖွဲ့ အကျိုးတော်ဆောင်ဂေါပကအဖွဲ့ဝင်များနှင့်အတူ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို စစ်ဆေးအကြံပြုခဲ့ကြောင်း သိရသည်။
ဟိန်းကိုအောင်


