ဇလွန်  ၈  နိုဝင်ဘာ        

ဧရာဝတီတိုင်းဒေသကြီး  ဇလွန်မြို့နယ်တွင်၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာလ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ဇလွန်မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများမှ လာရောက်မဲပေးနိုင်ရန်အတွက် ယနေ့နံနက် နာရီကမြို့နယ်အတွင်းရှိ မဲရုံများအား တစ်ချိန်တည်း စတင်ဖွင့်လှစ်ပေးခဲ့သည်။

ထိုသို့မဲရုံများဖွင့်လှစ်ပေးခဲ့ရာတွင် မဲဆန္ဒရှင်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ပြည်သူများမှ ရပ်ကွက် / ကျေးရွာ အုပ်စုများရှိ မဲရုံများသို့ လာရောက်၍ ဆန္ဒမဲများပေးလျက်ရှိကြသည်။

ဇလွန်မြိုနယ်အတွင်း၌ ရပ်ကွက်/ကျေးရွာ(၇၁) အုပ်စုတွင် မဲရုံပေါင်း ၁၆၆ ရုံရှိပြီး မဲဆန္ဒရှင်ဦးရေမှာ (၁၃၃၅၇၆) ဦးခန့်ရှိပြီး ပြည်သူများအနေဖြင့် သက်ဆိုင်ရာမဲရုံများတွင် နံနက် နာရီမှ ညနေ နာရီထိ ဆန္ဒမဲများ လာရောက်ပေးနိုင်ကြောင်း မြိုနယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ဝေယံ - ဇလွန်(ပြန်/ဆက်)

sfsdfsd