ဇလွန် ဇူလိုင် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ဇူလိုင်လ ၂၃ ရက် ညနေ  နာရီခန့်က လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၁၃ လုံးပြိုကျပျက်စီးပြီး ၁၀ လုံး အမိုးလှန်ခဲ့ရာ  အဆိုပါ အိမ်ထောင်စုဝင်များအား ကယ်ဆယ်ရေးရန်ပုံငွေ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။

ဟင်္သာတခရိုင် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနသည် ကယ်ဆယ်ရေးရန်ပုံငွေ ထောက်ပံ့ပေးအပ်ရာတွင် ပြိုလဲနေအိမ် ၁၃ လုံးအတွက် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ၊ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးနှင့် ဆန်ရိက္ခာတစ်ပတ်စာထောက်ပံ့ငွေနှင့် အမိုးလှန်နေအိမ် ၁၀ လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ၊ ဆန်ရိက္ခာတစ်ပတ်စာထောက်ပံ့ငွေ တို့ကိုမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။

ဝေယံ - ဇလွန်(ပြန်/ဆက်)