ဇလွန် ၂၁ ဇန်နဝါရီ
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် ရေလဲကျေးရွာအုပ်စု၊ ဒေါ်ငြိမ်းကုန်းကျေးရွာရှိ ပြောင်းစိုက်တောင်သူများ၏ စိုက်ခင်းများတွင် ငမြှောင်တောင်ပိုးများ ကျရောက်နေသည့်အတွက် ကောင်းကင်ဆေးဖျန်း ကိရိယာဖြင့် ဆေးဖျန်းပက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ဇလွန်မြို့နယ် ရေလဲကျေးရွာအုပ်စု၊ ဒေါ်ငြိမ်းကုန်းကျေးရွာရှိ ပြောင်းစိုက်တောင်သူများ၏ ပြောင်းစိုက်ပျိုးပြီးဧက ၂၃၇၆၁ ဧကတွင် ၁၆၁၃၆ ဧကမှာ ငမြှောင်တောင်ပိုးများ ကျရောက်လျှက်ရှိရာ စိုက်ပျိုးရေးဦးစီးဌာနရုံးချုပ်မှ ဝန်ထမ်းများက ကောင်းကင် ဆေးဖျန်းကိရိယာ စက်နှစ်လုံးဖြင့် ငမြှောင်တောင်ပိုး ကျရောက်နေသော ပြောင်း စိုက်ခင်းများအား ဆေးဖျန်းရာ တစ်ရက်လျှင် ဧက ၆၀ မှ ဧက ၁၀ဝ အထိ ဆောင်ရွက်နိုင်ခဲ့သည်။
ဇလွန်မြို့နယ်ရေလဲကျေးရွာ အုပ်စုဒေါ်ငြိမ်း ကုန်းကျေးရွာတွင် ငမြှောင်တောင်ပိုးကျရောက်နေမှုအား ကောင်းကင်ဆေးဖျန်း ကိရိယာဖြင့် နှိမ်နင်းခြင်းကို ဇန်နဝါရီ ၂၀ ရက်နေ့မှစတင် ဆောင်ရွက်ခဲ့ပြီး ယနေ့တွင် ကောင်းကင်ဆေးဖျန်းကိရိယာ လေးခုဖြင့် ဆက်လက်နှိမ်နင်းဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ငွေသန်း- ဝေယံ(ဇလွန်)
