ဇလွန် ဇူလိုင် ၂၀

 

ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် ရဲတပ်ဖွဲ့မှ ပြည်သူဗဟိုပြုသော ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော် ဆောင်ရွက်ရေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အထက (၂) မြို့မ၌ ကျင်းပသည်။

 

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းနိုင်က ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်းစနစ်၏မဏ္ဍိုင်ကြီး (၅) ရပ် အကောင်အထည်ဖော် ဆောင်ရွက်မှုလုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ ဇလွန်မြို့နယ် ပြည်သူဗဟိုပြုရဲလုပ်ငန်းစနစ် အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် မိတ်ဖက်အဖွဲ့အစည်းများဖြင့် ရင်းရင်းနှီးနှီး စကားဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)