နေပြည်တော်  ၁၆   စက်တင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်၌ စက်တင်ဘာလ ၁၄ ရက်နေ့ ညနေ ၅ နာရီ ၄၀ မိနစ်အချိန်က Quarantine Center အဖြစ်ထားရှိသော ကျောင်း၏ ခြံစည်းရိုးများအား ဖျက်ဆီး သူသုံးဦးကို အရေးယူထားကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ အုန်းနှဲချောင်းကျေးရွာ၌ Quarantine Center အဖြစ်ထားရှိသော အခြေခံပညာ မူလတန်းကျောင်းရှေ့သို့ မနုံးချောင်းကျေးရွာနေ ဇော်အောင်(၂၂)နှစ်ပါ သုံးဦး ရောက်ရှိလာပြီး ခြံစည်းရိုးများအား ဖျက်ဆီးခဲ့သဖြင့် အရေးယူပေးပါရန် တိုင်တန်းချက်အရ ဇော်အောင်ပါ သုံးဦးအား ဇလွန်မြို့မရဲစခန်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဥပဒေပုဒ်မ ၂၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

 

(ရဲပြန်ကြား)