ဇလွန် ဇွန် ၁၇

 

ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ်တွင် ၂၀၂၂ခု နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၁၁)ခုတို့၌ ဖြေဆိုခဲ့ရာ အောင်ချက် (၅၇.၀၂) ရာခိုင်နှုန်းအောင်မြင်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

ဇလွန်မြို့နယ်တွင် (၄) ဘာသာဂုဏ်ထူး ၁၈ ဦး၊ (၃) ဘာသာဂုဏ်ထူး ၁၁၃ ဦး ၊ (၂)ဘာသာ ဂုဏ်ထူး ၇၂ ဦး ၊ (၁)ဘာသာဂုဏ်ထူး ရရှိသူ ၁၈၀ ရှိပြီး ဘာသာရပ်အလိုက် ဂုဏ်ထူးရရှိမှုများမှာ မြန်မာစာ ဘာသာရပ် (၄၃) ဦး ၊ အင်္ဂလိပ်စာဘာသာရပ် (၁) ဦး ၊ သင်္ချာဘာသာရပ် (၃) ဦး ၊ ဓာတုဗေဒ ဘာသာရပ် (၂၁) ဦး ၊ ရူပဗေဒ ဘာသာ ရပ် (၁၆)ဦး ၊ ဇီဝဗေဒ ဘာသာရပ် (၈၈)ဦး ၊ ပထဝီ ဘာသာရပ် (၁၇၀) ဦး ၊ သမိုင်း ဘာသာရပ် (၁၆၆) ဦး ၊ ဘောဂဗေဒ ဘာသာရပ် (၂၂၇) ဦး ရရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

ဝေယံ - ဇလွန်(ပြန်/ဆက်)