ဇလွန် ၆ သြဂုတ်
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်၊ ကြာအင်းကျေးရွာအုပ်စု စိန်ကလေးကျေးရွာနှင့် ညောင်ပင်သာကျေးရွာအုပ်စု ညောင်ပင်သာကျေးရွာတို့တွင် သြဂုတ် ၆ ရက် နံနက် ၅ နာရီအချိန်မှ ၁၁ နာရီအချိန်အတွင်း ဧရာဝတီမြစ်ရေတိုက်စားပြီး မြစ်ကမ်းပါး ပြိုကျမှုကြောင့် လူနေအိမ်(၁၉)လုံးနှင့် ဓမ္မာရုံ (၁) ခုကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။
အဆိုပါ မြစ်ကမ်းပါး ပြိုကျမှုကြောင့် အိမ်ထောင်စု(၁၉)စုရှိ အမျိုးသား (၄၉)ဦး၊ အမျိုးသမီး(၃၆)ဦးတို့အား ကြိုတင်ပြောင်းရွှေ့ခဲ့ပြီး ဘေးသင့်အိမ်ထောင်စုဝင်များသည် ၄င်းတို့၏ လုပ်စားမြေများနှင့် နီးစပ်ရာ ဆွေမျိုးနေအိမ်များတွင် ပြောင်းရွှေ့နေထိုင်လျက်ရှိပြီး မြစ်ကမ်းပါး ပြိုကျမှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
ဝေယံ - ဇလွန်(ပြန်/ဆက်)
