ဇလွန် ၂၈ ဇွန်
ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် မေရီလန်းကျေးရွာအုပ်စုတွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ တောင်သူအသိပညာပေး ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါသရုပ်ပြပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်ကျော်စိုးက ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနည်း၊ SRI စနစ်ဖြင့် စိုက်ပျိုးနည်း၊ အပင်ပြုစုစောင့်ရှောက်နည်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများ၊ စိုက်ပျိုးရေးနည်းစနစ်ပြောင်းလဲပြီး ကောက်စိုက်စက်များ အသုံးပြုစိုက်ပျိုးခြင်းဖြင့် အရည်အသွေးကောင်းမွန်ပြီး လယ်ယာလုပ်သား ရှားပါးမှုပြဿနာများနှင့် သိပ္ပံနည်းကျ စိုက်ပျိုးရေးနည်းစနစ်များကို တောင်သူများ မျက်မြင်တွေ့ရှိပြီး လိုက်ပါဆောင်ရွက်နိုင်ရန် ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်စက်မှုလယ်ယာဦးစီးဌာန ဦးစီးအရာရှိ ဦးဌေးမှ လယ်ယာသုံးစက်ကိရိယာများအကြောင်း တက်ရောက်လာသော တောင်သူများကို ရှင်းလင်းပြောကြားခဲ့ပြီး ကောက်စိုက်စက်ဖြင့် ဆင်းသုခစပါးပျိုးပင်များ သရုပ်ပြစိုက်ပျိုးခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်အောင်နှင့် တာဝန်ရှိသူများက ကြည့်ရှုခဲ့ကြသည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)


