ဇလွန်  ၁၈  နိုဝင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ (၂၀၂၀- ၂၀၂၁)ခု ဘဏ္ဍာရေးနှစ်အတွင်းအကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်းကျေးရွာများရွေးချယ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခန့်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

အဆိုပါ စီမံကိန်းကျေးရွာများ ရွေးချယ်ခြင်းကို ဇလွန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်အောင်နှင့် မြို့နယ်စီမံကိန်းရွေးချယ်ရေး ကော်မတီများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ကျေးရွာ (၂၇) ရွာနှင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်း ကျေးရွာ (၂) ရွာတို့ကို ရွေးချယ် ခဲ့ပြီး ဇလွန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေ ပြည်သူများဆင်းရဲမှုလျှာ့ချရေးအတွက် မြစိမ်းရောင် စီမံကိန်းလုပ်ငန်းများ၊ ကျေးလက်နေ ပြည်သူများ လူမှုဘဝမြင့်မားရေးအတွက် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းများ၊  ကျေးရွာမတည် ရန်ပုံငွေစီမံကိန်းများနှင့် Cash For Work စီမံကိန်းလုပ်ငန်းများ၊ NEP စီမံကိန်းလုပ်ငန်း ရေပေးဝေ ရေးလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မူမူသင်း၏ ပြောကြားချက်အရ သိရသည်။

 

ဝေယံ - ဇလွန်(ပြန်/ဆက်)

 

mdn