mdn

ဇလွန်       သြဂုတ်         ၂၃

ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး အတွက်အလှူငွေနှင့် ပစ္စည်းများလှူဒါန်းသော အလှူရှင်များအားဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခန့်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဇလွန်မြို့နယ်ကိုဗစ် - ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းကကိုဗစ် - ၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း လိုအပ်နေသောပြည်သူများအထောက်အပံ့ဖြစ်စေရန်လှူဒါန်းခဲ့သည့်အလှူရှင်များအားကျေးဇူးတင်စကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးထွန်းထွန်းလင်း ၊ အတွင်းရေးမှူးရဲမှူးဝင်လွင် ၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးဝင်လွင်ဦးနှင့်တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးအတွက်အလှူငွေနှင့်ပစ္စည်းများလှူဒါန်းသောအလှူရှင် (၆၉)ဦးအားဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ခဲ့ကြောင်းသိရသည်။


ဝေယံ-ဇလွန်(ပြန်/ဆက်)