ဇလွန်  ၁၉  ဇွန်

 

ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

mdn

 

အခမ်းအနားတွင် ဇလွန်မြို့နယ် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးသက်အောင် ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်မင်းတို့မှ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ လုပ်ငန်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

 

ယင်းနောက် ဟင်္သာတခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်မေဝင်းကျော်က ကလေးသူငယ်နှင့် ပတ်သက်သည့် ဆောင်ရွက်နေမှု အကြောင်းအရာများ၊ ရှေးဦးကလေးသူငယ် ပြုစုခြင်းနှင့် လူငယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များအကြောင်း ရှင်းလင်း ပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များကိုဆွေးနွေးမေးမြန်းခဲ့ကြကြောင်း သိရသည်။

 

ဝေယံ-ဇလွန်(ပြန်/ဆက်)