ဇလွန် ဇူလိုင် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ဇူလိုင် ၂၃ ရက် ညနေ ၅ နာရီခန့်က လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စု လေးအုပ်စုတို့တွင် လူနေအိမ် ၁၃ လုံး ပြိုလဲခြင်းနှင့် နေအိမ် ၁၀ လုံး အမိုးလန် ပျက်စီးခြင်း စုစုပေါင်းအိမ်ထောင်စု ၂၃ စု လေဘေးသင့်မှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
လေဘေးသင့်မှုကြောင့် ပြိုလဲနေအိမ်မိသားစုဝင်များသည် နီးစပ်ရာ ဆွေမျိုးနေအိမ်များတွင် ယာယီနေထိုင်လျက်ရှိပြီး အမိုးလန်နေအိမ် မိသားစုဝင်များသည် မိမိတို့နေအိမ်များကို ပြန်လည်ပြင်ဆင် နေထိုင်လျက်ရှိကြောင်း၊ လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
ဝေယံ ဇလွန်(ပြန်/ဆက်)


