ဇလွန်     ၁၈  ဇွန်     

 

ဧရာဝတီတိုင်း ဒေသကြီး ဇလွန်မြို့နယ်တွင် ဧရာဝတီမြစ်ရေတိုက်စားပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့ခဲ့ရသည့် နေအိမ် ၁၄ လုံးရှိ အိမ်ထောင်စုဝင်များအား ဟင်္သာတခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ကယ်ဆယ်ရေးရန်ပုံငွေ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

ကယ်ဆယ်ရေးရန်ပုံငွေ ထောက်ပံ့ပေးအပ်ရာတွင် ဇလွန်မြို့နယ် ကူးတို့ဆိပ်ကျေးရွာအုပ်စု ၊ နှစ်အိမ်တန်း ကျေးရွာတွင်  ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့်  နေအိမ် ၁၄ လုံး  ပြောင်းရွှေ့ခဲ့ရပြီး ပြောင်းရွှေ့နေအိမ် ၁၄ လုံးအတွက်  နေအိမ် ၁ လုံးလျှင် အိမ်ဆောက်ပစ္စည်း ရန်ပုံငွေ  ၁၀ဝ၀ဝ၀ နူန်း ဖြင့် ငွေကျပ် ၁၄၀ဝ၀ဝ၀ ၊ လူဦးရေ ၄၃ ဦး အတွက် ဆန်ရိက္ခာ ထောက်ပံ့ငွေကျပ် ၉၀၃၀ဝ ၊ စုစုပေါင်း ရန်ပုံငွေကျပ် ၁၄၉၀၃၀ဝ တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဝေယံ-ဇလွန်(ပြန်/ဆက်)