ဇလွန် ၂၈ ဧပြီ 

 

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်၊ လိန်ကုန်းကျေးရွာအုပ်စု၊ ငါးပြေမဂယက်ကျေးရွာတွင် နေထိုင်သူ ဦးစိုးသူ၏ နေအိမ် ဘုရားကျောင်းဆောင်ပေါ်မှ ဂက်(စ်)မီးခြစ် အပူလွန်ကဲပြီး ယနေ့မွန်းလွဲ ၂ နာရီခန့်က မီးစတင် လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ ဇလွန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်အောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းကျော်၊ မြို့နယ်မီးသတ်ဦးစီးဌာန မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သူများပူးပေါင်းပြီး မီးသတ်ယာဉ် သုံးစီး၊ ရေသယ်ယာဉ် တစ်စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၃ နာရီအချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။

 

မီးလောင်မှုကြောင့် ဦးစိုးသူ၏ နေအိမ်တစ်လုံးနှင့် အခြား နေအိမ် ၃ လုံး စုစုပေါင်းနေအိမ် ၄ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ဝက် ၅ ကောင်နှင့် နွားတစ်ကောင်သေဆုံးခဲ့ကြောင်း သိရသည်။

 

ဝေယံ-ဇလွန်(ပြန်/ဆက်)

 

IMG_201