ဇလွန်     မေ      ၆

 

ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ်တွင် ကမ္ဘာ့ကြက်ခြေနီနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှေးဦးပြုစုခြင်း အခြေခံသင်တန်းကို အထက(ဒေါင့်ကြီး)တွင်  ယနေ့နံနက် ၁၀ နာရီအချိန်တွင် ဖွင့်လှစ်ခဲ့သည်။

 

ရှေးဦးပြုစုခြင်းအခြေခံသင်တန်းကို မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူးဦးမျိုးဆွေ နှင့် ဟင်္သာတမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးကျော်မြင့်ဦးတို့က ကြက်ခြေနီအကြောင်း သိကောင်းစရာများ၊ ရှေးဦးပြုစုခြင်း အခြေခံ သဘောတရား ၊ လူနာစမ်းစစ်ခြင်း ၊ စိတ်ပိုင်းဆိုင်ရာ ရှေးဦးပြုစုခြင်း အကြောင်းအရာများ ၊ အပူလောင် ခြင်းနှင့် အရည်ပူလောင်ခြင်း ၊ သတိလစ်ခြင်း ၊ မူးမေ့ခြင်း ၊ အဆိပ်မိခြင်း ၊ သတ္တဝါများကိုက်ခြင်း ၊အရိုးကျိုးခြင်း ၊ အဆစ်လွှဲခြင်း ၊ ကြွက်သားနှင့် အရိုးဆက်အကြောဒဏ်ရာများအကြောင်း ၊ လူနာကိုင်တွယ်ခြင်း ၊ သယ်ဆောင်နည်းများ ၊ အခြေခံအသက်ကယ် အထောက်အကူပြုနည်း ၊ လက်တွေ့ပတ်တီးစည်းနည်းများစသည့် ဘာသာ ရပ်များကို မေလ (၆) ရက်နေ့မှ (၈) ရက်နေ့အထိ (၃) ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

 

 

ဝေယံ - ဇလွန်(ပြန်/ဆက်)