ဇလွန် နိုဝင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီ၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် မာရ်အောင်မြင် ပြည်တော်ပြန်မြတ်စွာဘုရား၏ (၅၀)ကြိမ်မြောက် မသိုးသင်္ကန်းတော်မြတ် ရက်ချုပ်ကပ်လှူပူဇော်ပွဲကို နိုဝင်ဘဘာ ၁၈ ရက် နံနက် ၄ နာရီတွင် ပြည်တော်ပြန်မြတ်စွာဘုရား ဂန္ဓာကုဋိတိုက်တွင် ကပ်လှူပူဇော်ခဲ့သည်။
မသိုးသင်္ကန်းတော်မြတ် ရက်ချုပ်ကပ်လှူပူဇော်ရာတွင် ကိန္နရီစင်တော်၊ သဗ္ဗူလစင်တော်၊ မယ်မဒ္ဒီစင်တော်၊ အမယာစင်တော်တို့မှ ရက်ချုပ်လှူဒါန်းထားသော မသိုးသင်္ကန်းတော်မြတ်အား မာရ်အောင်မြင် ပြည်တော်ပြန်မြတ်စွာဘုရားအား ဆပ်ကပ်ပူဇော်ခဲ့ပြီး နံ့သာကိုးမျိုးဖြင့် မျက်နှာတော်သစ်ကာ ရောင်တော်ဖွင့်ခဲ့သည်။ ယင်းနောက် မာရ်အောင်မြင် ပြည်တော်ပြန် မြတ်စွာဘုရားအား ဆရာတော် သံဃာတော်များက ဘုရားအနေကဇာတင်၍ သစ်သီးကိုးမျိုး၊ ပန်းကိုးမျိုး၊ မုန့်ဆွမ်းကိုးမျိုး ကပ်လှူပူဇော်ခဲ့ကြောင်း သိရသည်။
ငွေသန်း-ဝေယံ(ဇလွန်)


