ဇမ္ဗူသီရိ အောက်တိုဘာ ၁၄

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ အသိပညာများရရှိစေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်း ပါဝင်လာစေရေးအတွက် ကိုဗစ်-၁၉ ရောဂါ အသိပညာပေး လက်ကမ်းစာစောင်များနှင့် ပိုစတာများကို ယနေ့ နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ ဓနသိဒ္ဓိရပ်ကွက်၊ အင်ကြင်းဈေးတွင် ဖြန့်ဝေပေးခဲ့ကြသည်။

 

ထိုသို့ ဖြန့်ဝေရာတွင် ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဈေးစည်ပင်မှတာဝန်ရှိသူများ ပူးပေါင်း၍ Delta မျိုးရိုးဗီဇကွဲဗိုင်းရပ်စ်နှင့် ပတ်သက်သော အချက်အလက်များ၊ ဗိုင်းရပ်စ်ကူးစက်ခြင်းမှ ကာကွယ်စောင့်ရှောက်နိုင်ရန် ကျွန်ုပ်တို့ ဘာတွေလုပ်နိုင်သလဲ၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကာကွယ်နိုင်ရန်အတွက် လိုက်နာသင့်သည့်အချက်များ စသည့် အကြောင်းအရာများ ပါဝင်သည့် ဗီနိုင်းပိုစတာများအား ကပ်နှံပေးပြီး ဈေးရောင်းချသူ၊ ဈေးဝယ်သူပြည်သူ များအား ကိုဗစ်-၁၉ ရောဂါ အသိပညာပေး လက်ကမ်းစာစောင်များအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)