နေပြည်တော်   ၁  အောက်တိုဘာ

နေပြည်တော်၊  ဇမ္ဗူသီရိမြို့နယ်၊  ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ ချယ်ရီဈေးတွင်၊ ပျံကျဈေးသည်တစ်ဦးထံမှ ကိုဗစ်-၁၉ ပိုးတွေ့ရှိ၍ အောက်တိုဘာ ၁ ရက်မှစ၍ ယာယီပိတ်ထားရကြောင်း ဈေးတာဝန်ခံရုံးမှ သိရသည်။

 

ယခုအခါ အဆိုပါဈေးအား သန့်ရှင်းရေးများ ပြုလုပ်၍ ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်လည်း စီစဉ်နေသည်။ အဆိုပါ ချယ်ရီဈေးသည် ဇမ္ဗူသီရိ မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းရပ်ကွက် ဈေးများတွင် လူအစည်ကားဆုံး ဈေးတစ်‌ဈေးဖြစ်ပြီး စနေနှင့် တနင်္ဂနွေ ရုံးပိတ်ရက်များတွင် ပို၍စည်ကားသည်။

 

“ဇမ္ဗူသီရိမြို့နယ်အတွင်းမှာတော့ ဒီ‌ဈေးတစ်ဈေးပဲ ပိုးတွေ့လူနာတစ်ဦး‌‌ တွေ့ရှိထားတာပါ။ ကျန်တဲ့ ဈေးတွေက ပုံမှန်အတိုင်း ဖွင့်ထားပါတယ်။  ချယ်ရီဈေးအတွက်ကိုလည်း အထက်က ညွှန်ကြားချက်နှင့် အညီ ဆက်ပြီးဆောင်ရွက်သွားမှာပါ” ဟု နေပြည်တော်မြို့မဈေး တာဝန်ခံ ဦးဆန်းဦးက  ပြောသည်။

ကိုပေါက်(ဥက္ကာမြေ)