နေပြည်တော် ၂၆ ဇန်နဝါရီ 


နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်အတွင်းရှိ ပေးဆပ်သူများ နာမှုကူညီရေးအသင်း ရုံးရှေ့ရှိ ယာယီစံကျောင်းတော်၌ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ကျွန်းသာယာရပ်၊ မင်္ဂလာဒီပ ခေါင်းဆေးကျွန်းရှိ ရွှေဘုန်းပွင့် မြတ်စွာဘုရားကြီး၏ ဂန္ဓကုဋိတိုက် ဘုရားတန်ဆောင်းကြီးတွင် ကိန်းဝပ်စံပယ် အပူဇော်ခံလျက်ရှိသော ဗုဒ္ဓ၏လက်ဝဲအောက် မြတ်စွယ်တော်ရှင်ရတနာနှင့် ဘုရင်မကြီး ရှင်စောပု နန်းဦးတင် ကိုးကွယ်ခဲ့သော ကုသိုလ်ကံပွင့် အလိုတော်ပြည့် ရှေးဟောင်းမြတ်စွာဘုရား ဆင်းတုတော်တစ်ဆူ၊ ဧရာဝတီတိုင်းဒေသကြီးတွင် ခန္ဓာဝန်ချ ပရိနိဗ္ဗာန်ပြုခဲ့သော ဆရာတော်ကြီး ဦးသီလ၏ ကြွင်းကျန်သော ဓာတ်တော်ရတနာများကို အပူဇော်ခံကြွရောက်လျက်ရှိကြောင်း သိရသည်။


အဆိုပါ စွယ်တော်၊ ဆင်းတုတော်၊ ဓာတ်တော်များကို ဇန်နဝါရီ ၂၆ ရက် နံနက်မှ ၂၇ ရက် ညနေ ၆ နာရီထိ အပူဇော်ခံ ထားရှိမည်ဖြစ်ကြောင်း သိရသည်။


ကိုပေါက် (ဥက္ကာမြေ)

 

mdn