နေပြည်တော် မတ် ၂၅
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များ၌ မီးဘေးအန္တရာယ် ကင်းဝေးစေရန်အတွက် မီးဘေးလုံခြုံရေးအသိပညာပေးခြင်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးအကြံပေးလုပ်ငန်းများကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဇမ္ဗူသီရိမြို့နယ် မီးသတ်ဦးစီးမှူး ဦးရာဇာမင်းမြတ် ဦးဆောင်၍ တပ်ဖွဲ့ဝင်များက မီးဘေးလုံခြုံရေး အသိပညာပေးခြင်း၊ ဆီထည့် နေစဉ်လိုက်နာရမည့် စည်းကမ်းချက်များ၊ ဆီဖြည့်နေစဉ်အတွင်း Trolley Type မီးသတ်ဆေးဘူးများ အသင့်ထားရှိရေး မှာကြားဆောင်ရွက်ခဲ့ပြီး စက်သုံးဆီဆိုင်များရှိ တာဝန်ရှိသူများနှင့် ဝန်ထမ်းများအား မီးဘေးလုံခြုံရေးဆိုင်ရာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
အောင်သူရဦး(ပြန်/ဆက်)


