ဇမ္ဗူသီရိ ဇွန် ၁၇
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများစာရင်းအား မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ သက်ဆိုင်ရာမြို့နယ်အသီးသီး၏ မြို့နယ်ပညာရေးမှူးရုံးများနှင့် စာစစ်ဌာန များတွင် ယနေ့နံနက် (၆)နာရီမှ စတင်ကာ ထုတ်ပြန်လျက်ရှိရာ ဇမ္ဗူသီရိမြို့နယ်၌ အဆိုပါ တက္ကသိုလ်ဝင်တန်းအောင်စာရင်းအား ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသား မိဘများက လာရောက်ကြည့်ရှုလျက်ရှိသည်။
ဇမ္ဗူသီရိမြို့နယ်ရှိ စာစစ်ဌာန (၅) ခုတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၁၅၁) ဦး ဝင်ရောက် ဖြေဆိုကာ အောင်မြင်သူ(၉၆၀) ရှိသည်။
ယင်းအပြင် ခြောက်ဘာသာ ဂုဏ်ထူးရှင် (၆) ဦး၊ ငါးဘာသာဂုဏ်ထူးရှင် (၇) ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၁၀ ) ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် (၁၀) ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၄၃) ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် (၂၉၄) ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်းမှာ (၄၄.၆၃) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)