နေပြည်တော် မတ် ၁၉

 

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် သပြေကုန်းရပ်ကွက် သာသနမဉ္ဇူဆွမ်းလောင်းဓမ္မာရုံ၌ ဗုဒ္ဓဘာသာအခြေခံ ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲ အခမ်းအနားကို မတ် ၁၈ ရက်က ကျင်းပသည်။

 

ဦးစွာ ဇမ္ဗူသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇေနော်ဝင်းက သင်တန်းဆင်းအမှာစကား ပြောကြားပြီး သာသနမဉ္ဇူဆွမ်းလောင်းအသင်းဥက္ကဋ္ဌ ဦးတင်စိန်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ 

 

ထို့နောက် ဇမ္ဗူသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဇမ္ဗူသီရိမြို့နယ် သာသနာရေးဦးစီးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သင်တန်းနည်းပြများနှင့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုမှတ်ဝာမ်းလွှာနှင့် သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)