ဇမ္ဗူသီရိ  ၂၄  အောက်တိုဘာ

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၌ ရွေးကောက်ပွဲတွင် ဆန္ဒမဲ ပေးပိုင်ခွင့် မဆုံးရှုံးစေရေး ပုံစံ ၁-၁ ဖြင့်ရေးသွင်းထားသည့် မဲဆန္ဒနယ် ပြင်ပရောက် ကျောင်းသား များ၊ သင်တန်းသားများနှင့် အချုပ်သားများမှ ပေးပို့လာသော ဆန္ဒပြုပြီးသည့် ကြိုတင်ဆန္ဒမဲလက်မှတ်ပါ စာအိတ်များအား မြို့နယ်ကြိုတင်မဲပုံးထဲသို့ ထည့်သွင်းရန် သက်ဆိုင်ရာ ပါတီကိုယ်စားလှယ် လောင်းများအား ဖိတ်ကြား၍ ၎င်းတို့ကိုယ်တိုင် စာအိတ်များဖွင့်ဖောက်၍ မြို့နယ်ကြိုတင်မဲပုံးထဲသို့ ထည့်သွင်းခြင်းကို ယမန်နေ့မွန်းလွဲ (၃) နာရီက မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ဆောင်ရွက်ခဲ့သည်။

 

mdn

 

ဇမ္ဗူသီရိမြို့နယ်တွင် ပြည်တွင်းရှိ သက်ဆိုင်ရာမဲဆန္ဒနယ် ပြင်ပရောက် ကျောင်းသားများ၊ သင်တန်းသားများနှင့် အချုပ်သားများ စုစုပေါင်း ၆၀  ရှိပြီး ပြန်လည်ရောက်ရှိလာသူ ၅၉ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

 

မြို့နယ် (ပြန်/ဆက်)