နေပြည်တော် မေ ၁၂
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန်အတွက် အသိပညာပေး နှိုးဆော်ခြင်းကို မေ ၁၁ ရက် ညနေပိုင်းက လူစည်ကားရာ နေရာများဖြစ်သည့် မြို့ပေါ်ရပ်ကွက်များနှင့် စျေးများအတွင်း အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်ခဲ့သည်။
ထိုသို့ လိုက်လံအသိပေးနှိုးဆော်ရာတွင် ဇမ္ဗူသီရိမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏနှင့် ဝန်ထမ်းများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက မုန်တိုင်းအန္တရာယ်ကြောင့် လေပြင်းတိုက်ခတ်ခြင်း ဖြစ်ပေါ်လာပါက ကြိုတင်သတိပြု ကာကွယ်နိုင်စေရန်နှင့် မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများ လျော့ချနိုင်စေရန် အများပြည်သူများ အနေဖြင့် မုန်တိုင်းနှင့်ပတ်သက်သည့် ကြိုတင်ကာကွယ်သင့်သည့် လုပ်ငန်းများ၊ လိုက်နာ ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ သတိပြုရှောင်ရှားသင့်သည့် အပြုအမူများကို သိရှိစေရန်နှင့် နိုင်ငံတော် အစိုးရမှ တရားဝင်ထုတ်ပြန်ကြေညာသော မုန်တိုင်းဘေးအန္တရာယ် သတင်းများကို အစဉ်မပြတ် နားထောင်ကြရန်၊ လေပြင်းဘေး ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်နိုင်ရေး အသိပညာပေးချက်များကို ပြည်သူများက သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် လှည့်လည်အသိပေး နှိုးဆော်ခဲ့ပြီး မုန်တိုင်းဘေး ပညာပေး စာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)