ဇမ္ဗူသီရိ ဇန်နဝါရီ ၁၈
ပြည်သူများအနေဖြင့် နေ့စဉ်စားသုံးနေသည့် အစားအသောက်များအား ဘေးအန္တရာယ်ကင်းရှင်းစွာ စားသောက်နိုင်ရေး၊ အခြေခံကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ စားအုန်းဆီများတွင် ရောနှောဆီများရောင်းချခြင်းမရှိစေရေး၊ စားသုံးသူများ၏ လိုအပ်ချက်များနှင့် အခွင့်အရေးများ အပြည့်အဝရရှိစေရေးနှင့် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းစေရေး ကွင်းဆင်း စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ မြို့မစျေးအတွင်း ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏနှင့် ဝန်ထမ်းများ၊ မြို့နယ်အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းစေရေး ကော်မတီအဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့ဝင်များက မြို့မဈေးအတွင်း အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန (FDA)မှ စားသုံးရန်မသင့်ကြေညာထားသည့် အစားအသောက်များနှင့် သက်တမ်းလွန် အစားအသောက်များ ရောင်းချခြင်းရှိ/မရှိ၊ စားသုံးဆီများ ရောစပ်ရောင်းချမှုမရှိစေရေး၊ ရည်ညွှန်းစျေးနှုန်းများအတိုင်း ရောင်းချမှုရှိ/ မရှိ၊ စားသောက်ကုန်များ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှုရှိစေရေး၊ တရားမဝင်ဆေးဝါများနှင့် သက်တမ်းလွန် ဆေးဝါးများ ရောင်းချမှုမရှိစေရေးနှင့် ဈေးရောင်းချသူပြည်သူများအား စားသုံးသူအသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)