နေပြည်တော် ဧပြီ ၅
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်ကို ဇမ္ဗူသီရိမြို့နယ်ရှိ စာစစ်ဌာနများ၌ ဧပြီ ၅ ရက် နံနက်ပိုင်းက ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုခဲ့ကြသည်။
ဇမ္ဗူသီရိမြို့နယ်ရှိ စာစစ်ဌာန ခြောက်ခုတွင် ဖြေဆိုရန် စာရင်းပေးသူ ၂၁၅၇ ဦးရှိပြီး ကျောင်းတွင်းနှင့် အပြင်ဖြေ ၂၀၁၀ ဖြေဆိုကာ ၁၄၇ ဦး ပျက်ကွက်ခဲ့သည်။ ဖြေဆိုသူ ရာခိုင်နှုန်း ၉၃ ဒသမ ၁၈ ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)