နေပြည်တော် ၂၁ နိုဝင်ဘာ
(၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၄)အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပရာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ထံမှ ပေးပို့သည့် သဝဏ်လွှာကို ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်းက ဖတ်ကြားခဲ့သည်။
အခမ်းအနားတွင် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခြေခံပညာ အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသား ကျောင်းသူများအား ခရိုင်ပညာရေးမှူး ဦးမြင့်ဦး၊ ခေတ္တအုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်းနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ယနေ့ အခမ်းအနားတွင် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစောင်စောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း


