နေပြည်တော်  ၇   ဖေဖေါ်ဝါရီ 

 

(၇၂)နှစ်မြောက်ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အောင်ဇမ္ဗူရပ်ကွက်၌ အောင်ဇမ္ဗူဈေးသစ်ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက်  ၉ နာရီ က အဆိုပါ ဈေးတွင် ကျင်းပသည်။

 

553..

 

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ၊နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီဝင် ဦးဆန်းနိုင်၊ရပ်မိရပ်ဖ ဦးဇော်ဦး တို့က အောင်ဇမ္ဗူဈေးသစ်အား ဖဲကြိုး ဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

 

223..3.

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ၊နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီဝင်များနှင့်တာဝန်ရှိသူများက ဈေးသစ်အတွင်း လှည်လည်ကြည့်ရှုကြပြီး ရောင်းဝယ်နေကြသည့် ဈေးသည်ဈေးဝယ်များအားရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားသည်။

 

အဆိုပါ အောင်ဇမ္ဗူဈေးသစ်တွင် ဆိုင်ခန်းတစ်ခန်းအကျယ်မှာ (၆)ပေပတ်လည်ရှိပြီး ဆိုင်ခန်းပေါင်း (၃၆၀)ခန်းကို မိုးကြယ်စင်ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါဈေးသစ်မတည်ဆောက်မီ မူလပြန်ကပြေးဈေးနေရာ၌ (၅)ရက်လျှင် တစ်ဈေးဖွင့်လှစ်ရောင်းချလျက်ရှိ သည့် ကျေးလက်ဈေးဖြစ်ပြီး ဈေးနေ့တွင် လမ်းဘေးဝဲ/ယာ ဈေးသည်များ ၊ဈေးဝယ်များနှင့် ပိတ်ဆို့နေမှုကြောင့် ယာဉ်အန္တရာယ်စိုးရိမ်ရသဖြင့် သီးသန့်ဈေးမြေနေရာတွင်  ဈေးသစ်တည်ဆောက်နိုင်ရန် နေပြည်တော်ကောင်စီမှ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ရပ်ကွက်အုပ်ရေးမှူးတို့ကကြီးကြပ်ပြီး ဈေးဖြစ်မြောက်ရေးအဖွဲ့ ဖွဲ့စည်းကာ ဈေးသူဈေးသားများနှင့် တွေ့ဆုံညှိနှိုင်းခြင်းများဆောင်ရွက်၍ အောင်ဇမ္ဗူဈေးသစ်ကို တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ထွန်းထွန်းဝင်း

Related Articles