ဇမ္ဗူသီရိ စက်တင်ဘာ ၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၃၁ ရက် နေ့လယ်ပိုင်းက စည်ပင်ဧည့်ရိပ်သာ(၁)နှင့် စည်ပင်ဧည့်ရိပ်သာ(၂)တို့တွင် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ပိုးသတ်ဆေးပက်ဖျန်းခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် ဒက္ခိဏခရိုင် မီးသတ်ဦးစီးမှူးရုံးမှ ဒက္ခိဏခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးဟိန်းမင်းထိုက်နှင့် ဇမ္ဗူသီရိမြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ ဇမ္ဗူသီရိမြို့နယ် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးဝင်းကျော်တို့မှ ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင် (၁၄)ဦး၊ ပိုလန်နိုင်ငံထုတ် အဆင့်မြှင့်မီးငြှိမ်းသတ်ယာဉ် (Medium Fire Fighting) (၁) စီး၊ ရေမှုန်ရေမွှားလုပ်စက်ရုပ် (LUF 60, LUF Micro) Robotis Fire Fighting Vehicle (၂) စီး၊ မီးသတ်ရေသယ်ယာဉ် (၁) စီး၊ အုပ်ချုပ်မှုယာဉ် (၁)စီး၊ မီးသတ်အထောက်အကူပြုယာဉ် (၁)စီးတို့ဖြင့် Sodium Hypochlorite ပိုးသတ်ဆေးရည် (၁၆) ဂါလန်အသုံးပြု၍ ဇမ္ဗူသီရိမြို့နယ်ရှိ စည်ပင်ဧည့်ရိပ်သာ (၁) နှင့် စည်ပင်ဧည့်ရိပ်သာ (၂) တို့တွင် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)


