နေပြည်တော် ဇွန် ၁၄

 

ယနေ့တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ ၁ ဦး ရှိပြီး ၎င်းမှာ  ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ အသက် ၆၃ နှစ်အရွယ် အမျိုးသား တစ်ဦးဖြစ်ကြောင်း၊      သို့ဖြစ်၍ ရောဂါပိုးရှိသူ စုစုပေါင်း ၂၆၂  ဦး ရှိသွားပြီဖြစ်ကြောင်း    ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

 

ရောဂါပိုးတွေ့ရှိသူ  ၂၆၂  ဦး အနက် သေဆုံးသူ ၆ ဦး၊  ပိုးမတွေ့ရှိတော့သူ စုစုပေါင်း ၁၇၅ ဦး ၊  ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၁၆၀   ရှိကြောင်း  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန် ချက်များတွင် ဖော်ပြထားသည်။  

 

သတင်းစဉ်