နေပြည်တော် ၁၉ ဇွန်

 

ယနေ့တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ၂၃ ဉီးတွေ့ရှိသဖြင့် ၎င်းမှာ တစ်ရက်တည်း ရောဂါပိုး ရှိသူအများဆုံး တွေ့ရှိမှုဖြစ်ပြီး ရောဂါပိုးရှိသူ စုစုပေါင်း ၂၈၆ ရှိသွားပြီ ဖြစ်ကြောင်း၊ ထပ်တိုးလူနာ ၂၃ ဉီးမှာ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ ၁၉ ဉီးနှင့် မလေးရှားနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ ၄ ဉီးတို့ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

 

ရောဂါပိုးတွေ့ရှိသူ ၂၈၆ အနက် သေဆုံးသူ ၆ ဦး၊ ပိုးမတွေ့ရှိတော့သူ စုစုပေါင်း ၁၉၂ ဉီး ရှိပြီး ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၁၇၇ ဉီး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

သတင်းစဉ်