နေပြည်တော်  ၂၈  ဇွန်

ယနေ့တွင်  ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ၆ ဦးထပ်မံတွေ့ရှိသဖြင့် ယနေ့အထိ ရောဂါပိုးရှိသူ စုစုပေါင်း ၂၉၉ ဦး ရှိသွားပြီဖြစ်ကြောင်း၊ ထပ်တိုးလူနာ  ဦးမှာ တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ်မှ တစ်ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်မှ ငါးဦး ဖြစ်ကြောင်း၊ တစ်ဦးမှာ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ ဖြစ်ပြီး ငါးဦးမှာ အိန္ဒိယနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများဖြစ်ကြောင်း သိရသည်။

ရောဂါပိုးတွေ့ရှိသူ  ၂၉၉ ဦးအနက် သေဆုံးသူ  ဦး၊  ပိုးမတွေ့ရှိတော့သူ ၂၁၈ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၂၀၆ ဦးနှင့် ဇွန် ၂ ရက် မွန်းတည့် ၁၂ နာရီမှ ဇွန် ၂ မွန်းတည့် ၁၂ နာရီအတွင်း စောင့်ကြည့် လူနာအသစ် ၁၉ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်ချက်များအရ သတင်းရရှိသည်။

သတင်းစဉ်