၆ စက်တင်ဘာ
ဇင်ဘာဘွေ သမ္မတဟောင်း ရောဘတ် မူဂါဘီ အသက် ၉၂ နှစ် အရွယ်၌ ကွယ်လွန်ခဲ့ကြောင်း သတင်းအရင်းအမြစ်များက ယနေ့ ကြေညာခဲ့ကြသည်။
ဇင်ဘာဘွေနိုင်ငံ တည်ထောင်သူ ဖြစ်ပြီး သမ္မတဟောင်း တစ်ဦးဖြစ်သူ ရောဘတ် မူဂါဘီ သေဆုံးခဲ့သည့်အတွက် အလွန်အမင်း ဝမ်းနည်းကြောင်းကို လက်ရှိ ဇင်ဘာဘွေ သမ္မတ ဖြစ်သူ အီမာဆွန် မန်ဂါဂဝါ က တွစ်တာပေါ်တွင် ရေးသားဖော်ပြခဲ့သည်။
ပြီးခဲ့သည့် ဧပြီလကတည်းက စင်ကာပူ နိုင်ငံရှိ ဆေးရုံတစ်ရုံတွင် ကုသမှုခံယူခဲ့သည် ဟု ယုံကြည်ရကြောင်း ဖော်ပြထားသည်။
မူဂါဘီ သည် ၂၀၁၇ ခုနှစ် ဖြုတ်ချခံရသည်အထိ ဆယ်စုနှစ်လေးစု နီးပါး တောင်အာဖရိက နိုင်ငံကို အုပ်ချုပ်ခဲ့သူဖြစ်သည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို