ဇင်ဘာဘွေနိုင်ငံ၌ ကာလဝမ်းရောဂါသံသယရှိလူနာ ၂၀၀၀ ကျော်ရှိ၊ ၁၅ ဦးသေဆုံး

ဇွန် ၇

 

ဇင်ဘာဘွေနိုင်ငံတွင် ဖေဖော်ဝါရီလမှစတင်ကာ လက်ရှိအချိန်အထိဖြစ်ပွားသော ကာလဝမ်းရောဂါသံသယလူနာ ၂၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၁၅ ဦးရှိသည်ဟု အစိုးရအဖွဲ့ဝန်ကြီးတစ်ဦးက ယမန်နေ့ကပြောကြားသည်။

 

အစိုးရအဖွဲ့က ထိုရောဂါဖြစ်ပွားမှုများပြားလာစဉ်အတွင်း ကာလဝမ်းရောဂါတားဆီးကာကွယ်ရေး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားရန် ပြောကြားထားသည်။

 

ဇင်ဘာဘွေနိုင်ငံအတွင်း လက်ရှိအချိန်အထိ ကာလဝမ်းရောဂါဖြစ်ပွားသူ ၂၀၇၆ ဦးနှင့် ပြန်လည်ကျန်းမာရေးကောင်းမွန်လာသူ ၁၉၄၂ ဦးနှင့် သေဆုံးသူ ၁၅ ဦးရှိသည်ဟု သိရသည်။

 

နိုင်ငံအတွင်းရှိ ပြည်နယ် ၁၀ ခုစလုံးတွင် ကာလဝမ်းရောဂါသံသယရှိလူနာများရှိကြောင်း ဖော်ပြထားသည်။

 

ရောဂါဖြစ်ပွားမှု ဆက်တိုက်မြင့်တက်နေခြင်းကြောင့် ရောဂါဖြစ်ပွားမှုကို တုံ့ပြန်ရန်အတွက် ရေနှင့်သန့်ရှင်းမှုကို အဓိကထားဆက်လက်ဆောင်ရွက်ရန်နှင့် ကပ်ရောဂါတိုက်ဖျက်ရေးဆိုင်ရာ ရန်ပုံငွေများ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နိုင်ရေးအတွက် အစိုးရအဖွဲ့က ဆုံးဖြတ်ခဲ့သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို