ဇွန် ၁၅

 

ဇင်ဘာဘွေနိုင်ငံတွင် ဇွန်လ ၁၃ ရက်နေ့အထိ ကာလဝမ်းရောဂါဖြစ်ပွားမှုကြောင့် ၁၆ ဦး သေဆုံးကြောင်းအတည်ပြုထားပြီး သံသယရှိလူနာ ၄၇ ဦးအပါအဝင် ကာလဝမ်းရောဂါသံသယရှိလူနာဦးရေ ၂၄၆၀ ဖြင့် စံချိန်တင်ခဲ့ကြောင်း အစိုးရအဖွဲ့ဝန်ကြီးတစ်ဦးက ယမန်နေ့က ပြောကြားသည်။

 

နိုင်ငံအတွင်း လက်ရှိအချိန်အထိ ပြန်လည်ကောင်းမွန်လာသူ ၂၂၄၃ ဦးရှိသည်ဟု ခေတ္တသတင်းပြန်ကြားရေး၊ ထုတ်လုပ်ရေးနှင့် အသံလွှင့်ဝန်ဆောင်မှုဆိုင်ရာဝန်ကြီး ဂျန်ဖန်မတ်စ်ဝဲက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

 

လွန်ခဲ့သောသီတင်းပတ်က ကာလဝမ်းရောဂါသံသယရှိလူနာ ၂၀၇၆ ဦးရှိပြီး သေဆုံးသူ ၁၅ ဦးရှိကြောင်း ဖော်ပြထားသည်။

 

ဇင်ဘာဘွေနိုင်ငံတွင် ကာလဝမ်းရောဂါသည် ယခုနှစ်ဖေဖော်ဝါရီလက စတင်ကာဖြစ်ပွားနေခြင်းဖြစ်ပြီး အစိုးရက ထိုရောဂါဖြစ်ပွားမှုကို တုံ့ပြန်ဆောင်ရွက်ရန် ကဏ္ဍမျိုးစုံဖြင့်လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို