ဒီဇင်ဘာ ၂၈
ဇင်ဘာဘွေနိုင်ငံတွင် ဒီဇင်ဘာ ၁၅ ရက်မှ ၂၇ ရက်အတွင်း ဖြစ်ပွားသောယာဉ်မတော်တဆမှုကြောင့် ၉၂ ဦး သေဆုံးခဲ့ပြီး အခြား ၄၆၀ ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ယမန်နေ့ကပြောကြားသည်။
လွန်ခဲ့သောနှစ် ဒီဇင်ဘာ ၁၅ ရက်မှ ၂၆ ရက်နေ့အတွင်း ဖြစ်ပွားသောယာဉ်မတော်တဆမှုကြောင့် ၁၀၂ ဦး သေဆုံးခဲ့ပြီး ၂၈၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။
အဆိုပါယာဉ်မတော်တဆမှုများအနက်အများစုသည် ယာဉ်အချိန်လွန်မောင်းနှင်မှု၊ ဝန်ပိုတင်ဆောင်မှု၊ ယာဉ်မောင်းနှင်ရာ၌ ဂရုစိုက်မောင်းနှင်ခြင်းမရှိမှုနှင့် ယာဉ်မဆင်မခြင်မောင်းနှင်မှုတို့ကြောင့် ဖြစ်သည်ဟု ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။
၆၄ ကီလိုမီတာအရှည်ရှိသော Harare-Mutare အဝေးပြေးလမ်းတွင် ယမန်နေ့မနက်ပိုင်းက ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ရာ ယာဉ်မတော်တဆမှုဖြစ်ပွားရာနေရာမှာပင် ငါးဦးသေဆုံး၊ အယောက် ၄၀ ဒဏ်ရာရရှိပြီး ယင်းဒဏ်ရာရရှိသူများအနက် ၁၅ ဦးသည် ဒဏ်ရာပြင်းထန်သည်ဟု ၎င်းကဆိုသည်။ ယာဉ်မောင်းနှင်သူများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများလိုက်နာဆောင်ရွက်ကြရန် ရဲတပ်ဖွဲ့က တိုက်တွန်းပြောကြားထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို