သရက်ချောင်း ၁၃ ဇူလိုင်
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ကျွဲခြံကျေးရွာတွင် ယနေ့ မွန်းတည့် ၁၂ နာရီ ဝန်းကျင်ခန့်က ဇနီးဖြစ်သူနှင့် သားသမီး (၂)ဦးကို ခင်ပွန်းဖြစ်သူက ဓားမကြီးဖြင့် ခုတ်သတ်မှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ကျွဲခြံကျေးရွာနေ ဦးဝင်းဇော်(၄၀)နှစ် ဥယျာဉ်ခြံလုပ်ငန်းကို လုပ်ကိုင်နေသူဖြစ်ပြီး လွန်ခဲ့သည့် (၁)လခန့်က စိတ်ဖောက်ပြန်နေပြီး ယနေ့ နေအိမ်တွင်ရှိနေစဉ် ရုတ်တရက် စိတ်ဖောက်ပြန်ကာ ဇနီးဖြစ်သူ ဒေါ်ကျင်စန်း (၃၇)နှစ်၊ သားဖြစ်သူ မောင်စွမ်းထက်သီဟ (၆)နှစ် ကျောင်းနေ (ပထမတန်း)နှင့် သမီးဖြစ်သူ မရွှန်းလဲ့လဲ့ရှိန် (၂)နှစ်တို့ (၃) ဦးအား ဝါးခုတ်သည့် ဓားမကြီးဖြင့် ခုတ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဓားခုတ်မှုကြောင့် ဇနီးဖြစ်သူတွင် လယ်ပင်၏ယာဘက်ခြမ်း (၆) လက်မခန့် ပြတ်ရှဒဏ်ရာ၊ သားဖြစ်သူတွင် နောက်စေ့ (၂)လက်မခန့် ပြတ်ရှဒဏ်ရာနှင့် သမီးဖြစ်သူတွင် လယ်ပင်း (၃)လက်မခန့် ပြတ်ရှဒဏ်ရာတို့ အသီးသီးရရှိခဲ့ပြီး အခင်းဖြစ်ပွားသည့် နေရာ၌ပင် (၃)ဦးစလုံး သေဆုံးခဲ့သည်။
ပြစ်မှုကျူးလွန်သူ ဦးဝင်းဇော်အား ဝင်းဝနယ်မြေစခန်းတွင် အမှုရေးဖွင့်ပြီး ဖမ်းဆီးစစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
နိုင်ဝင်း(ပြန်/ဆက်)