ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
ပြည်သူသို့ အသိပေးတင်ပြချက်
၁၃၈၂ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၉ ရက်)
၂။ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး တိုးမြှင့်ခဲ့သည့် ဇွန်လ (၁)ရက်မှ (၁၅)ရက်အထိ ကာလအတွင်း ပြည်သူများ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် ပြည်တွင်းလူမှုရေး အဖွဲ့အစည်းများ [သံရုံးများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ(မပါ)] အတွက် အိမ်သုံးအမျိုးအစား လျှပ်စစ် ဓာတ်အားသုံးစွဲမှု (၇၅)ယူနစ်အထိ ငွေကြေးကောက်ခံမှု ကင်းလွတ်ခွင့်(အခမဲ့)ကို ထပ်မံပေးသွားမည် ဖြစ်ပါသည်။
၃။ သို့ပါ၍ သုံးစွဲခဲ့သော လျှပ်စစ်ဓာတ်အားသုံးစွဲမှု ယူနစ်များအနက်မှ လျှပ်စစ်ဓာတ်အားသုံးစွဲမှု (၁)ယူနစ်မှ (၇၅)ယူနစ်အထိ သုံးစွဲသူများကို သုံးစွဲယူနစ်အလိုက် ဓာတ်အားခကျသင့်ငွေ ကင်းလွတ်ခွင့် (အခမဲ့) ရရှိမည်ဖြစ်ပါသည်။
၄။ အိမ်သုံးအမျိုးအစား၌ လျှပ်စစ်မီးသုံးစွဲသူများမှ (၇၆)ယူနစ်နှင့်အထက် သုံးစွဲမှုများအား အလွှာ လိုက်သတ်မှတ်ချက်နှုန်းထားများအတိုင်း ပေးဆောင်ရမည်ဖြစ်ပါသည်။ အထူးကိစ္စတစ်ရပ်အနေဖြင့် ကင်းလွတ်ခွင့်ပြုခဲ့သော အိမ်သုံးမဟုတ်သည့် အမျိုးအစားတွင် ပါဝင်သည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများအုပ်စုမှ ပြည်တွင်းလူမှုရေး အဖွဲ့အစည်းများမှအပ ကျန်သုံးစွဲသူများအားလုံးသည် ယခင်သတ်မှတ်နှုန်းထားများအတိုင်း ပေးဆောင်ရမည် ဖြစ်ပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန


