ဂါဇာ ၁၅ မေ
လာမည့် ဇွန်လတွင် ဂါဇာကမ်းမြောင်ဒေသရှိ လူဦးရေ ထက်ဝက်ကျော်သည် အစားအစာ ရှားပါးမှုနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ ပြန်လည်ထူထောင်ရေးနှင့် အလုပ်အကိုင် အေဂျင်စီ (UNRWA) က ထုတ်ပြန်ကြေညာလိုက်သည်။
ကမ္ဘာတစ်ဝန်း မွတ်စလင်များ၏ ဥပုသ်ကာလတွင် ဂါဇာဒေသ လူဦးရေ ထက်ဝက်ကျော်သည် နိုင်ငံတကာ အဖွဲ့အစည်းများ၏ အစားအစာ ထောက်ပံ့မှုအပေါ် မှီခိုနေရကြောင်း ၎င်းထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

(UNRWA) ၏ ထုတ်ပြန်ချက်အရ ဂါဇာဒေသရှိ ပါလက်စတိုင်း ဒုက္ခသည် တစ်သန်းကျော်အတွက် အနည်းဆုံး အပိုထပ်ဆောင်း အမေရိကန် ဒေါ်လာ သန်း ၆၀ လိုအပ်နေကြောင်း သိရသည်။ ၂၀ဝ၀ ခုနှစ်က ပါလက်စတိုင်း ဒုက္ခသည် ၈၀ဝ၀ဝ နှင့်အောက်သည် (UNRWA) ၏ အထောက်အပံ့များကို လက်ခံရရှိခဲ့သည်။
အစောပိုင်းတွင် (UNRWA) က စေတနာရှင်များ၏ ထောက်ပံ့ပစ္စည်းများနှင့် ငွေကြေးထောက်ပံ့မှုများကို အပြည့်အဝ ထောက်ပံ့ပေးခဲ့သော်လည်း ပါလက်စတိုင်းအနေဖြင့် အစ္စရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု မပြုလုပ်သေးသရွေ့ ကုလသမဂ္ဂအား ထောက်ပံ့မှုများကို ရပ်တန့်ထားမည်ဟု အမေရိကန်နိုင်ငံက ဆုံးဖြတ်ခဲ့သည်။
ယနေ့အစောပိုင်းတွင် အစ္စရေးနှင့် ပါလက်စတိုင်းနိုင်ငံအကြား ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး နားလည်မှု ခိုင်မာစေရန် အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ ကုလသမဂ္ဂငြိမ်းချမ်းရေး အထူးသံတမန် နစ်ကိုလေ မလဒ်နော့ဗ် က အဆိုပါ နှစ်နိုင်ငံကို တိုက်တွန်းခဲ့သည်။

“ဂါဇာဒေသမှာ နေထိုင်သော ပါလက်စတိုင်းများ၏ ဘဝတိုးတက်ရေးအတွက် ပါလက်စတိုင်း၊ အီဂျစ် နဲ့ အစ္စရေး အာဏာပိုင်တွေ အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ဒါမှလည်း သူတို့အားလုံး ကောင်းမွန်တဲ့ အနာဂတ်ပိုင်ဆိုင်ဖို့ မျှော်လင့်ချက်ရှိမှာပါ” ဟု ဂါဇာဒေသတောင်ပိုင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ၎င်းက သတင်းထောက်များကို ပြောခဲ့သည်။
SMZaw(MDN)
Source> Xinhua