ဂျပန်နိုင်ငံ အိုဆာကာမြို့တွင် ဇွန်လနှောင်းပိုင်း၌ ကျင်းပမည့် ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲ၏ပြင်ပတွင် တရုတ်၊ ရုရှားခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားသည်။
ဂျီ-၂၀ ထိပ်သီးအစည်းအဝေးတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်၊ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ နှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း တနင်္လာနေ့က အိမ်ဖြူတော်တွင် ထရန့်က သတင်းထောက်များသို့ ပြောကြားခဲ့သည်။
အမေရိကန်နှင့်တရုတ်နိုင်ငံတို့မှာ ကုန်သွယ်ရေးအခွန်တိုးမြှင့်မှုနှင့်ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်စဉ် ထိုသို့ ပြောကြားခြင်းဖြစ်သည်။
အမေရိကန်ပြည်ထောင်စုသည် မြောက်ကိုရီးယား၊ ဗင်နီဇွဲလားနှင့် အခြားပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာတွင် ရုရှားနိုင်ငံနှင့် သဘောထားကွဲလွဲလျက်ရှိသည်။
အဆိုပါ ဂျီ-၂၀ ထိပ်သီးအစည်းအဝေးပွဲသို့ ထရန့်တက်ရောက်ခြင်းသည် လများစွာအတွင်း ဂျပန်နိုင်ငံသို့ ဒုတိယအကြိမ် ရောက်ရှိသည့် အမှတ်အသားဖြစ်သည်။ ၎င်းသည် မေ ၂၅မှ ၂၈အထိ ဧည့်သည်အဖြစ် ဂျပန်နိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်