၂၇ သြဂုတ် 

Johnson & Johnson ကုမ္ပဏီထုတ် အကိုက်အခဲပျောက်ဆေးမှာ ဆေးစွဲစေတဲ့ ဓါတုပစ္စည်းများပါရှိတဲ့အတွက် အမေရိကန်ဒေါ်လာ သန်း ၅၇၂ သန်း ဒဏ်ကြေး ပေးဆောင်ရန် အိုကလာဟိုးမားပြည်နယ်ရှိ တရားရုံးတစ်ရုံးက တနင်္လာနေ့က ချမှတ်လိုက်ပါတယ်။ 

 

4459

 

ဆေးဝါးအလွန်အကျွံသုံးစွဲမှုကြောင့် ထောင်ပေါင်များစွာသေဆုံးမှုကိစ္စနဲ့ပတ်သတ်ပြီး ဆေးဝါးထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုကို တရားရုံးတင်တဲ့ ပထမဦးဆုံး အမှုဖြစ်ပါတယ်။  

တရားသူကြီး သပ်ဘော့ခ်မန်းက  J&J ကို တရားစွဲတဲ့သူတွေက သူ့ကုမ္ပဏီထုတ် ဆရာဝန်ခွင့်ပြုချက်ဖြင့် ဝယ်ယူရတဲ့ အကိုက်အခိုက်ခဲပျောက်ဆေးမှာ ဆေးစွဲစေတဲ့ ဓါတုပစ္စည်းများ ပါရှိကြောင်း ဖော်ပြနိုင်ခဲ့တယ်။ အိုကလာဟိုးမားပြည်နယ်မှာ နေထိုင်သူတွေရဲ့ ကျန်းမာရေး နဲ့ လုံခြုံရေးကို J&J က အခုလို လုပ်ဆောင်တဲ့အတွက် အန္တရာယ်ရှိစေတယ်။ တရားခံ J&J က ဈေးကွက်ကို မရိုးမသားလုပ်တယ်ခဲ့တယ်လို့ ပြောပါတယ်။ 

တရားစွဲဆိုသူများက နှစ်ပေါင်း ၃၀ ကျော်ကြာ ကုစားရေးအစီအစဉ်အတွက် J&J ကို အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံ ဒဏ်ကြေးပေးဆောင်ဖို့ ကြိုးစားခဲ့ကြတယ်လို့ ဆိုပါတယ်။ 

၂၀၁၇ ခုနှစ် က လူပေါင်း ၇၀,ဝ၀ဝ ကျော် ဆေးအလွန်အကျွံသုံးစွဲခဲ့တဲ့အတွက် သေဆုံးခဲ့ပါတယ်။ 

ဆေးစွဲဆေးတဲ့ကိစ္စနဲ့ပတ်သတ်ပြီး J&J ဟာ ပထမဦးဆုံး တရားစွဲခံရတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ 

ဒါပေမယ့် ဆေးဝါးထုတ်ကုမ္ပဏီ နဲ့ ဖြန့်ချီရေးကုမ္ပဏီကို တရားစွဲထားတဲ့ အမှုပေါင်း ၂,ဝ၀ဝ လောက်လည်း ရှိနေပါတယ်။ တရားစွဲဆိုထားတဲ့ အမှုအများစုမှာ အိုဟိုင်းအို ပြည်နယ်တွင် လာမယ့်အောက်တိုဘာမှာ တရားစီရင်မှာ ဖြစ်ပါတယ်။ နိုင်ငံတဝှမ်းမှာ ဆေးဝါးကုမ္ပဏီကို တရားစွဲမှုအတွက် အမေရိကန်ဒေါ်လာဘီလီယံနဲ့ချီပြီး ဒဏ်ကြေးပေးဆောင်ရကိန်းရှိတယ်လို့ ပြောဆိုနေကြပါတယ်။ 

MDN
ကိုးကား - AFP