မန္တလေး ၂၉ ဇွန်

မြန်မာနိုင်ငံ ဖားကန့်ဒေသ အကြောင်းအရာများကို ရိုက်ကူးထားသည့် “Journey of The Blood Jade” ခေါင်းစဉ်ဖြင့်  ဓာတ်ပုံပြပွဲကို ဇူလိုင် (၉) ရက်မှ (၁၃) ရက်အထိ နေ့စဉ် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီအထိ  မန္တလေးမြို့၊ အမှတ်  (၅၃)၊ ၂၆ လမ်း၊ ၇၁ လမ်းထောင့်၊ ချမ်းအေးသာစံ မြို့နယ် Jefferson Center ၌ ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါ ဓာတ်ပုံပြပွဲတွင် ဓာတ်ပုံဆရာ ကိုဇော် (ဖားကန့်)၊ စိုးဝင်းငြိမ်း၊ ဇော်မိုးထက်၊ ဉာဏ်လှိုင်းလင်းတို့က ၂ ပေ ၃ ပေ ဆိုဒ်အရွယ် ဓာတ်ပုံစာရင်း (၃၀) ပြသသွားမည်ဖြစ်ရာ မည်သူမဆို ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

အောင်ကျော်ထွန်း( ပုသိမ်ကြီး)