နေပြည်တော် ဇူလိုင် ၁၀

 

ယနေ့တွင်  ကိုဗစ် - ၁၉ ရောဂါပိုးရှိသူ ခုနှစ်ဦးထပ်မံတွေ့ရှိသဖြင့် ယနေ့ အထိ ရောဂါပိုးရှိသူ စုစုပေါင်း  ၃၂၆  ရှိသွားပြီ ဖြစ်ကြောင်း၊   ထပ်တိုးလူနာ  ခုနှစ်ဦး မှာ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများ ဖြစ်ပြီး အိန္ဒိယနိုင်ငံမှ သုံးဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နှစ်ဦးနှင့် ဖိလစ်ပိုင်နိုင်ငံမှ နှစ်ဦး ဖြစ်ကြောင်း သိရသည်။

 

ရောဂါပိုးတွေ့ရှိသူ  ၃၂၆ ဦးအနက် သေဆုံးသူ ခြောက်ဦး၊  ပိုးမတွေ့ရှိတော့သူ ၂၅၆ ဦး ၊ ဆေးရုံမှဆင်းခွင့်ပြုခဲ့သူဦးရေ ၂၄၀နှင့် ဇူလိုင် ၉ ရက်မွန်းတည့် ၁၂ နာရီမှ ဇူလိုင် ၁၀ ရက်မွန်းတည့် ၁၂ နာရီအတွင်း စောင့်ကြည့်လူနာအသစ် ၂၈ ဦး ရှိကြောင်း  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်ချက်များအရ သတင်းရရှိသည်။ 

 

သတင်းစဉ်