ဖနောင်ပင် ဇူလိုင် ၂၅

ဇူလိုင် ၂၃ ရွေးကောက်ပွဲသည် တရားဝင်ဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်က အခိုင်အမာ ပြောကြား ခဲ့သည်။ ဟွန်ဆန်၏ ကမ္ဘောဒီးယားပြည်သူ့ပါတီ သည် အမျိုးသား လွှတ်တော် နေရာ ၁၂၅ တွင် ၁၂ဝ နေရာ ရရှိခဲ့သည်။

ရွေးကောက်ပွဲပြီးနောက် ဝန်ကြီးချုပ်သည် မဲရုံကိုသပိတ်မှောက်ရန် သို့မဟုတ် တရားမဝင် မဲပေးရန် နှိုးဆော်တိုက်တွန်းသူများကို ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဝန်ကြီးချုပ် သည် တနင်္ဂနွေနေ့ညက ၎င်း၏လူမှု မီဒီယာအကောင့်တွင် အသံဖိုင်တစ်ခုကို တင်ခဲ့ သည်။ အသံဖိုင်တွင် ရွေးကောက်ပွဲကို ကာကွယ် ထားသည်။ မဲပေးသူအရေအတွက် ၈၄ ရာခိုင်နှုန်းကျော်ရှိကြောင်း ၎င်းက ပြောသည်။

ပယ်မဲများပေးရန် သို့မဟုတ် မဲရုံကို သပိတ် မှောက်ရန် အတိုက်အခံပါတီ တာဝန်ရှိသူများက တောင်းဆိုမှုများပြုလုပ်ခဲ့ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ပယ်မဲအရေအတွက် မည်မျှရှိမည်ဆိုသည်ကို စောင့်ကြည့်လျက်ရှိကြောင်း ဟွန်ဆန်က ပြော သည်။တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန . ပြောရေး ဆိုခွင့်ရှိသူက ရွေးကောက်ပွဲရလဒ် ကိုကြိုဆို ခဲ့သည်။ ဝန်ကြီးချုပ်၏ ဦးဆောင်မှုအောက်တွင် ကမ္ဘော ဒီးယားပြည်သူ့ပါတီ အနိုင်ရရှိခဲ့ခြင်းကို ဂုဏ်ပြု ခဲ့သည်။

အင်န်အိတ်ချ်ကေ