ဇူလိုင်လအတွင်း ပြည်ပသို့တရားဝင် အလုပ်သွားရောက်လုပ်ကိုင်သူ ၁၈၀ဝဝ ကျော်နှင့် ပြည်တွင်း အလုပ်နေရာ ၂၃၀ဝဝ ကျော်အား ခန့်ထားနိုင်ခဲ့

နေပြည်တော် ၉   သြဂုတ်

 

အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိစေရေးအတွက် ပြည်ပသို့တရားဝင်စေလွှတ်ခြင်းနှင့် ပြည်တွင်း အလုပ်အကိုင်များ ရှာဖွေပေးခြင်းတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသည်။

 

ပြည်တွင်းအလုပ်အကိုင်ရရှိရေးကို ဦးစားပေးဆောင်ရွက်ပေးခဲ့ပြီးသင့်တော် ကောင်းမွန်သည့်အလုပ် အကိုင်များ ရရှိစေရေးနှင့် အလုပ်ရှင်များအတွက်လည်း အလုပ်သမားလုံလောက်စွာ ခန့်အပ်ထားရှိရန် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများတွင် Labour Exchange Management System ဖြင့် Online မှဆောင်ရွက်ပေးခြင်းတို့အား လုပ်ဆောင်လျက်ရှိရာ ၂၀၁၈ခုနှစ်၊ ဇူလိုင်လ အတွင်း ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အလုပ်ရရှိမှုအခြေအနေမှာ အစိုးရအလုပ် ၃၅၉ ဦးနှင့် ပုဂ္ဂလိက ၂၂၂၁၁ ဦး စုစုပေါင်း 23164 ဦး ဖြစ်ပြီး နိုင်ငံအလိုက် အလုပ်ရရှိမှုမှာ  မလေးရှားနိုင်ငံသို့ 1871 ဦး  ၊ စင်္ကာပူနိုင်ငံ သို့ ၄၅ ဦး၊ ကိုးရီးယားနိုင်ငံ သို့၊ 257 ဦး ၊ ထိုင်းနိုင်ငံ သို့ 16307 ဦး၊ ဂျပန်နိုင်ငံသို့ 436 ဦး၊ ယူအေအီးသို့ 13 ဦး ၊ ဂျော်ဒန်နိုင်ငံသို့ 22 ဦး၊ ကာတာနိုင်ငံသို့ 3 ဦး စုစုပေါင်း 18954 ဦး တို့ကို အလုပ်အကိုင်ရှာဖွေပေးနိုင်ခဲ့ကြောင်းသိရသည်။

 

(သတင်းစဉ်)