၉ နိုဝင်ဘာ

 

ကိုရီးယားအမျိုးသားငယ်များ စုစည်းထားတဲ့ K-Pop အဖွဲ့ရဲ့ ဖျော်ဖြေမှုကို ရိုက်ကူးထုတ်လွှင့်ဖို့ စီစဉ်ထားပေမယ့် K-Pop အဖွဲ့ဝင်တစ်ဦး ဝတ်ဆင်ထားတဲ့ အင်္ကျီမှာ မှိုပွင့်ပုံသဏ္ဍန်က နျူကရီယားဗုံးပေါက်ကွဲရာကနေ ထွက်လာတဲ့ မီးခိုးငွေပုံဖြစ်နေတာကြောင့် ဂျပန်ရုပ်မြင်သံကြားလိုင်းက ရိုက်ကူးထုတ်လွှင့်ဖို့ အစီအစဉ်ကို ဖျက်သိမ်းခဲ့တယ်လို့ သိရပါတယ်။

 

ကမ္ဘာကျော် K-Pop အဖွဲ့ရဲ့ ဖျော်ဖြေမှုကိုဒီကနေ့ သောကြာနေ့မှာ အဆာဟိ ရုပ်မြင်သံကြားလိုင်းကနေ တင်ဆက်ဖို့ ပြုလုပ်ထားပေမယ့် K-Pop အဖွဲ့ဝင် ဂျင်မင်း ဝတ်ဆင်ထားတဲ့ အင်္ကျီမှာပါတဲ့ ပုံက အငြင်းပွားစရာ ဖြစ်နေတာကြောင့် အဲဒီဖျော်ဖြေအစီစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။ 

 

 

K-Pop အဖွဲ့ဝင်ဂျင်မင်း ဝတ်ဆင်ထားတဲ့ အင်္ကျီမှာ "PATRIOTISM OUR HISTORY LIBERATION KOREA" စာတမ်းနဲ့အတူ နျူကရီးယားဗုံးကနေ ထွက်လာ မီးခိုးငွေ့ မှိုပွင့် သဏ္ဍန်ပုံပါရှိတာကို တွေ့ရပါတယ်။ အဲဒီဓါတ်ပုံဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၁၅ ရက်နေ့က ဝတ်ဆင်ခဲ့တာလို့သိပြီး ၁၉၄၅ခုနှစ် သြဂုတ်လ ၁၅ ရက် ဟာ ဂျပန်လက်အောက်နေ ကိုရီးယားနိုင်ငံလွှတ်မြောက်ခဲ့တဲ့ နေ့ဖြစ်ပါတယ်။ 

 

K-Pop အဖွဲ့က သူတို့ကို အားပေးတဲ့ပရိတ်သတ်ကို တောင်းပန်ကြောင်း၊ သူတို့အဖွဲ့ဟာ ပရိတ်သတ်နဲ့ ထိတွေခွင့်ရဖို့ စတိတ်ရှိုးပွဲတွေနဲ့တစ်မျိုး၊ တေးဂီတနဲ့တစ်သွယ် ကြိုးစားသွားမှာဖြစ်ကြောင်း သူတို့ရဲ့ ဝက်ဆိုဒ်မှာ ရေးသားထားပါတယ်။ 

 

MDN
ကိုးကား-AFP