ကြာအင်းဆိပ်ကြီး ဇူလိုင် ၂၃
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့၌ ဇူလိုင် ၁၈ ရက်မှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ချောင်းရေနှင့် မြစ်ရေလျှံမှုဖြစ်ပေါ်ကာ မော်တော်ကားလမ်းပေါ်သို့ ရေကျော်လွှမ်းခဲ့ပြီး ကားလမ်းပေါ်ရှိ တံတားတစ်စင်းမှာလည်း သုံးပေခန့် ရေကျော်နစ်မြုပ်ခဲ့ကာ ဆိုင်ကယ်နှင့် မော်တော် ကားငယ်များ ဖြတ်သန်းသွားလာရန် မလွယ်ကူကြောင်းသိရသည်။
အဆိုပါရေကျော်နစ်မြုပ်လျက်ရှိသည့် ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူ ကားလမ်းပေါ်ရှိ တံတားမှာ ကြာ အင်းဆိပ်ကြီးမြို့မှ နှစ်မိုင်ကျော်ခန့်ရှိ ဇမိမြစ်ဝအနီး ချောင်းလက်တက် ချောင်းကူးတံတားဖြစ်ပြီး ကား လမ်းပေါ်နှင့် တံတားပေါ်သို့ အလျားပေ ၃၀၀ ကျော် ရေကျော်လွှမ်းကာ နစ်မြုပ်လျက်ရှိကြောင်းသိရသည်။
မျိုးမင်းဦး


