ဘုရားသုံးဆူ ၇ သြဂုတ် 


ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့နယ်အတွင်းရှိ ကြာအင်းဆိပ်ကြီး - ဘုရားသုံးဆူလမ်း ၅၆ ဒသမ ၅ ကီလိုမီတာအနီး ကိုဒူကွဲကျေးရွာတွင် ယနေ့နံနက် ၉ နာရီ ဝန်းကျင်ခန့်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေတိုက်စားပြီး အနက် ၉ လက်မခန့် ကွန်ကရစ်လမ်း နိမ့်ဆင်းခဲ့ကြောင်း သိရသည်။


အဆိုပါ ကွန်ကရစ်လမ်းနိမ့်ဆင်းမှုကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ လမ်းဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ လူမှုရေးအသင်းအဖွဲ့များမှ ယာဉ်အန္တရာယ် မဖြစ်ပေါ်စေရေးနှင့် လမ်းကြောင်းပိတ်ဆို့မှု မဖြစ်ပေါ်စေရေးအတွက် သွားရောက်ကြည့်ရှုခဲ့ပြီး လမ်းပမ်းဆက်သွယ်ရေး ပိတ်ဆို့မှုမရှိကြောင်း သိရသည်။


ဘုရားသုံးဆူ (ပြန်/ဆက်)